အာလူးကပ်သလိပ်လုပ်နည်းကတော့
အာလူးကိုပြုပ်အခွံနွှာ ထောင်းပါ .. ပြီးရင်ဆားနဲနဲနဲ့ နယ်ထားပါ။အစာအတွက် ကြက်သွန်ဖြူနီကိုဆနွှင်းအရောင်နဲ့ ဆီသပ်ပါ ( ဆီပါရုံထည့်ပါ )ကြိတ်ထားတဲ့ အသား (ထည့်လို့ သည့်အသား )( သားသပ်သွတ်စားချင်သူတွေအတွက် အသားတုနဲ့ လုပ်စားနိုင်ပါတယ် )
ကိုထည်ကြော်ပေးပါ..အရသာမှုန့် ဆားနဲနဲထည့်ပါထောင်းထားတဲ့အာလူးကိုဂျုံမှုန့် လက်မှာလူးပြီး
အနေတော်ယူပါအခြားလက်တဖက်ပေါ်မှာဂျုံမှုန့် လူးပြီးတင်ပါ အလယ်ချိုင့်လေးလုပ်ပြီး အသားထည့်ပါ အပေါ်ကနေ ဂျုံလူးထားတဲ့အာလူးထောင်းကိုအပေါ်ကနေပြန်အုပ်ပြီး လိုတဲ့ပုံစံလေးလုပ်ပါ ..ကြော်ဖို့ အဆင်သင့်အလုံးလေးတွေလုပ်ပြီးရင်တော့ကြော်မဲ့ ဆီပူအိုးထဲမှာ ဂျုံမှုန့် လူးကိုင်ပြီးမှထည့်ကြော်ပါတဖက်နဲ့ တဖက်အကျက်ညီအောင်ဖြည်းဖြည်းအပေါ်အောက်လှန်ပေးပါ
ညိုရောင်သန်းလာရင်ဆီမှဆယ်ယူပြီး အရသာရှိတဲ့အာလူးကပ်သလိပ်များရပါပြီ